နိုင်ငံခြားရေးဝန်ကြီးဌာနမှ အငယ်တန်းသံတမန်အဖွဲ့ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ဖွင့်လှစ်မည့် တတိယအကြိမ်မြောက် သံတမန်ရေးရာ အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ရန် ထွက်ခွာ

(၂၅-၁-၂၀၂၆၊ နေပြည်တော်)

ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ဒီဗန်ဝန်း ဘရိုပါ့ကန်း နိုင်ငံခြားရေးသိပ္ပံမှဦးစီး၍ ၂၅-၁-၂၀၂၆ ရက်မှ ၃၀-၁-၂၀၂၆ ရက်အထိ ကျင်းပမည့် တတိယအကြိမ်မြောက် သံတမန်ရေးရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အငယ်တန်းသံတမန် (၃၀)ဦးသည် အုပ်ချုပ်သူ ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်လင်းမောင်နှင့် အရာထမ်း (၂)ဦးလိုက်ပါလျက် ၂၅-၁-၂၀၂၆ ရက်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ထွက်ခွာခဲ့ကြပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို သံတမန်ဝန်ထမ်းသစ်များအတွက် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုများ၊ ထိုင်းနိုင်ငံ၏ နိုင်ငံရေး၊ နိုင်ငံခြားရေးမူဝါဒ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကဏ္ဍ၊ သံတမန်ရေးရာနှင့် ကောင်စစ်ဝန်ဆောင်မှုဆိုင်ရာများနှင့်ပတ်သက်၍ လေ့လာခွင့်ရရှိစေရန်နှင့် မြန်မာ-ထိုင်း သံတမန်များအကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။