နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါကစ္စတန်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ထွက်ခွာ

(၂၄-၁-၂၀၂၆၊နေပြည်တော်)

ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါး၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ပါကစ္စတန်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အစ္စလာမာဘတ်မြို့သို့ ထွက်ခွါသွားပါသည်။ ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။