

(၁၅-၁၂-၂၀၂၂ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် ဗန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ဆန်ဂျေး မာသာ အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်၊ ၁၁၀၀ နာရီချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ အခြေစိုက် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ကြပြီး၊ မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံးတို့အကြား လက်ရှိနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

