(၂-၁၂-၂၀၂၅၊ ရန်ကုန်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန် (န)ဝါဟူစိန်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်၊ ၀၈၃၀ နာရီတွင် ရန်ကုန်မြို့ရှိ ပန်းဝါဧည့်ရိပ်သာ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကြား ဘုံအကျိုးစီးပွား ဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။


