နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မက်ဆင် ရူဇန်ကော့ဗ်တို့အကြား တွေ့ဆုံဆွေးနွေး

(၃၀-၁၁-၂၀၂၅ ရက်၊ နေပြည်တော်)

 နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဘယ်လာရုစ် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ မက်ဆင် ရူဇန်ကော့ဗ်တို့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက် ၁၅၀၀ နာရီတွင် နေပြည်တော်ရှိ Jasmine Naypyitaw Hotel ၌ တွေ့ဆုံခဲ့ပါသည်။

 ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ လက်ရှိအချိန်တွင် နှစ်နိုင်ငံအကြား ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာသည်နှင့်အမျှ ရလဒ်ကောင်းများ ထွက်ပေါ်နေသည့် အခြေအနေ များကို အမြင်ချင်းဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးချဲ့သွားနိုင်ရေးအတွက် ပိုမိုနီးကပ်စွာလက်တွဲဖော်ဆောင်သွားရေးတို့ကို ဆွေးနွေး ခဲ့ပါသည်။

*************************