နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အရည်အချင်းစစ်ရေးဖြေစာမေးပွဲ ကျင်းပဖြေဆိုမှု လှည့်လည်ကြည့်ရှုစစ်ဆေး

 (၂၈-၁၁-၂၀၂၅ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာနရှိ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် အမှုထမ်းများအား တစ်ဆင့်မြှင့်ရာထူး တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် အရည်အချင်းစစ်ရေးဖြေစာမေးပွဲကို ၂၈-၁၁-၂၀၂၅ ရက်၊ သောကြာနေ့ နံနက် ၁၀:၀၀ နာရီမှ ၁၃:၀၀ နာရီအထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်ရှိ မဲခေါင်-လန်ချန်းခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါရေးဖြေစာမေးပွဲ ကျင်းပနေမှုနှင့် စာမေးပွဲဖြေဆိုမှု အခြေအနေများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနှင့် စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်ဦး တို့က တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးပြီး စနစ်ကျအောင်မြင်စွာ ဖြေဆိုကြရန် ဖြေဆိုသူများကို အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။