

(၇-၁၂-၂၀၂၂ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ် ခြင်းခံရသော ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာ မုံခွန်း ဝိစစ်စတန် အား ၇-၁၂-၂၀၂၂ ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၃၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းပြောကြားခဲ့ပြီး၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်သွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍများအပါအဝင် နယ်ပယ်ပေါင်းစုံ၌ နှစ်နိုင်ငံအပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်း ဆောင်ရွက်မှု တိုးချဲ့သွားရေးနှင့် ဒေသတွင်းနှင့်
နိုင်ငံတကာမျက်နှာစာများတွင် ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

