နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်က မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov ကို လက်ခံတွေ့ဆုံ

(၂၄-၁၁-၂၀၂၅ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော် ၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်၊ ၁၁၃၀ နာရီတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတကာမျက်နှာစာ၌ မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ် များအပေါ်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အရာရှိကြီးများနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားသံရုံးမှ တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။