နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပါကစ္စတန်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ တာရိခ် ကာရီးမ်အား လက်ခံတွေ့ဆုံ 

(၂၁-၁၁-၂၀၂၅ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ တာရိခ် ကာရီးမ်အား ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်၊ ၁၂၄၅ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံရေး တိုးမြှင့်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှု၊ စိုက်ပျိုးရေးကဏ္ဍ၊ ခရီးသွားလုပ်ငန်း၊ ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး ကဏ္ဍများအပါအဝင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အရာရှိကြီးများနှင့် ပါကစ္စတန်သံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်