နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ထမ်း ဟောင်းများအသင်းသို့ အလှူငွေများ လွှဲပြောင်းပေးအပ်

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ထမ်းဟောင်း များအသင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းမှုနှင့်ပတ်သက်၍ အမှာစကား ပြောကြားခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ မတည်လှူဒါန်းငွေ၊ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများနှင့် နိုင်ငံခြားရေးဝန်ထမ်းများမှ ထည့်ဝင်လှူဒါန်းငွေ စုစုပေါင်း ကျပ် သိန်း ၅၃၀ ကို အသင်း ဥက္ကဋ္ဌထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ယင်းနောက် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းဟောင်းများအသင်း ဥက္ကဌက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အငြိမ်းစားဝန်ထမ်းများနှင့် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ထမ်းဟောင်းများအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ထမ်းဟောင်းများအသင်းကို နိုင်ငံခြားရေးဝန်ထမ်း ဟောင်းများအကြား နွေးထွေးသော ချစ်ခင်ရင်းနှီးမှုများ အဓွန့်ရှည်စေရန်နှင့် ဝန်ထမ်းဟောင်း များနှင့် မိသားစုဝင်များ၏ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များကို မိသားစု စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီပံ့ပိုး‌ဆောင်ရွက်သွားရန် ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ်၊ မေလတွင် စတင်တည်ထောင်ခဲ့ပြီး လူမှုရေးအသင်းအဖွဲ့အဖြစ် မှတ်ပုံတင်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့