(၇-၁၁-၂၀၂၅ရက်၊နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း သည် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund- UNFPA) ၏ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ အခြေစိုက် အာရှပစိဖိတ်ဒေသဆိုင်ရာရုံးမှ လူသားချင်စာနာထောက်ထားမှုဆိုင်ရာအကြံပေးဖြစ်သူ Ms. Tomoko Kurokawa အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၇-၁၁-၂၀၂၅ ရက်၊ ၁၀:၀၀ နာရီတွင် လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် UNFPA ၏ လုပ်ငန်းအစီအစဉ် များနှင့် အကူအညီလိုအပ်နေသူများအား ကူညီပံ့ပိုးနေမှုများ အထူးသဖြင့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားရသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့များ ပေးအပ်ရေး ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအရာရှိကြီးများနှင့် UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ်တို့လည်း တက်ရောက်ခဲ့ကြသည်။
*****************

