နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ (၁၉) ကြိမ်မြောက် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

(၂-၁၁-၂၀၂၅ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ (၁၉) ကြိမ်မြောက် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ၂-၁၁-၂၀၂၅ရက် (တနင်္ဂနွေနေ့)၊ နံနက် (၁၀:၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး (၁) ဦးကိုကိုကျော်နှင့် ဇနီး ဒေါ်မီမီခင်၊ ဒုတိယဝန်ကြီး (၂) ဦးနိုင်မင်းကျော်နှင့် ဇနီး ဒေါက်တာ ဒေါ်အေးမင်းစိုး၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရတနာမှန်ကျောင်းဆရာတော် ဘဒ္ဒန္တဝိလာသနှင့် ပင့်သံဃာတော် (၄) ပါး၊ စုစုပေါင်း ပင့်သံဃာ (၅) ပါးတို့က ရွတ်ပွား ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များနှင့် အနုမောဒနာတရားများကို နာယူခဲ့ကြပြီး နောက် ဆရာတော်အရှင်သူမြတ်တို့ထံ ကထိန်သင်္ကန်းများ၊ နဝကမ္မ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကြပါသည်။ ထို့နောက် ဆရာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြပြီး တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။