(၂၈-၁၀-၂၀၂၅ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ဟနွိုင်းမြိုအခြေစိုက်၊ ဘယ်လာရုစ်သံအမတ်ကြီး Mr. Uladzimir Baravikou ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် ၁၁၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အားကစားနှင့် ခရီးသွားလာရေး စသည့်ကဏ္ဍများ အပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။


