နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံတမန်သင်တန်းကျောင်း၊ သံတမန်ရေးရာဘွဲ့လွန် ဒီပလိုမာသင်တန်း အမှတ်စဉ်(၁/၂၀၂၅)၏ ရန်ကုန်နှင့် နေပြည်တော်တန်းခွဲတို့မှ သင်တန်းသား/သူများသည် လေ့လာရေးခရီးစဉ်အဖြစ် ၃-၁၀-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့ အခြေစိုက် ထိုင်းသံရုံးသို့ သွားရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mr. Mongkol Visitstump က “Thailand-Myanmar Relations: Advancing Understanding and Fostering Closer Cooperation” ခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချခဲ့ပြီး သင်တန်းသား/သူများက ပြန်လည်ဆွေးနွေး မေးမြန်းခဲ့ကြပါသည်။ ထို့နောက် ထိုင်းသံအမတ်ကြီးက သင်တန်းသား/သူများကို ထိုင်းရိုးရာအစားအစာများဖြင့် နေ့လယ်စာ တည်ခင်းဧည့်ခံခဲ့ပါသည်။ မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) သို့သွားရောက်ပြီး မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့(Myanmar-ISIS)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ဂါရဝပြုတွေ့ဆုံခဲ့ကြပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံတမန်သင်တန်းကျောင်း၊ သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာ သင်တန်းအမှတ်စဉ်(၁/၂၀၂၅) မှ သင်တန်းသား/သူများ လေ့လာမှုအစီအစဉ်သွားရောက် (၃-၁၀-၂၀၂၅ ရက်၊ ရန်ကုန်)

