(၁-၁၀-၂၀၂၅ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) ၏ အမျိုးသားအဆင့် အသင်းအဖွဲ့ ဖွံ့ဖြိုးမှုနှင့် ညှိနှိုင်းမှုဆိုင်ရာ Under-Secretary-General Mr. Milton Xavier Castellanos Mosquera အား ၁-၁၀-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့) ၊ ၁၆:၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် IFRC ၏ Under-Secretary-General က မန္တလေးငလျင်ကြီးအပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် IFRC နှင့် MRCS တို့ပူးပေါင်း၍ အကူအညီပေးအပ်နေသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအပေါ် ဆွေးနွေးပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ IFRC ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Nadia Khoury ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

