


(၂၃–၁၁–၂၀၂၂ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (World Health Organization-WHO) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် (Representative) အဖြစ် တာဝန်ထမ်းဆောင်မည့် Dr. Thushara Eraj Indranath Fernando က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၀၂၂ ခုနှစ်၊နိုဝင်ဘာလ ၂၃ ရက်၊ ၁၄၀၀ နာရီချိန်တွင် လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး၊ ၎င်း၏ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။
ခန့်အပ်လွှာပေးအပ်သည့် အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

