(၂၇-၈-၂၀၂၅၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေး အား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ ၁၁၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် ကောင်စစ်ရေးရာကိစ္စရပ်များ အပါအဝင် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

