(၂၇-၈-၂၀၂၅ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း သည် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund- UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၇-၈-၂၀၂၅ ရက်၊ ၁၄:၀၀ နာရီတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံစဉ် UNFPA ၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

