(၂၆-၈-၂၀၂၅၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ် အား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၊ ၁၀၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယနိုင်ငံတို့အကြား နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်မှု၊ နယ်စပ်လုံခြုံရေး၊ နယ်နိမိတ်ရေးရာ ကိစ္စရပ်များနှင့် ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အိန္ဒိယနိုင်ငံမှ ဆက်လက် ပံ့ပိုးကူညီသွားမည့် အခြေအနေတို့အပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

