(၁၅-၈-၂၀၂၅၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာ မုံခွန်းဝိစစ်စတန်အား ယနေ့ နံနက် ၁၀၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားရေး၊ နှစ်နိုင်ငံ အကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ နယ်စပ်ဒေသ တစ်လျှောက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ကုန်သွယ်ရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်သွား ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်။

