၁၇-၇-၂၀၂၅
ဂျပန်နိုင်ငံရှိ Asia-Pacific Ladies Friendship Society (ALFS) အဖွဲ့ကြီးက နှစ်စဉ် ကျင်းပပြုလုပ်သည့် Charity Bazaar မှ အမြတ်ငွေများအား သဘာဝဘေးဒဏ်ခံစားရသည့် ဒေသများသို့ လှူဒါန်းခြင်းနှင့် အဆိုပါ ဈေးရောင်းပွဲတွင် ပါဝင်ခဲ့သည့် သံရုံးများသို့ အချိုးကျ ခွဲဝေပေး၍ လိုအပ်သည့်နေရာဒေသများသို့ လှူဒါန်းရန် ပေးအပ်လျက်ရှိရာတွင် တိုကျိုမြို့၊ မြန်မာသံရုံးအတွက် အချိုးကျ ခွဲဝေရရှိသည့် ယန်း (၆၁၁,၀၀၀/-) နှင့် ညီမျှသော မြန်မာကျပ် (၁၇၉ သိန်းကျော်) အနက်မှ ကျပ် (၇,၉၀၀,၀၀၀/-) (ကျပ်ခုနှစ်ဆယ်ကိုးသိန်း တိတိ) အား ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးကျေးရွာရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိမှတ်ပြု မြတ်ဆုမွန် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ဓမ္မာလင်္ကာရကျောင်းတိုက်ရှိ ဆရာတော် အရှင် ဘဒ္ဒန္တ သူရိယ ထံသို့ ယနေ့ ၁၇-၇-၂၀၂၅ ရက် (ကြာသပတေးနေ့)၊ ၁၅:၄၅ နာရီတွင် သွားရောက်လှူဒါန်းခဲ့ပါသည်။

