(၁၅-၇-၂၀၂၅ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် အငယ်တန်းစာရေးများကို အကြီးတန်း စာရေးများအဖြစ် ရာထူးတိုးမြှင့်ခန့်ထားနိုင်ရေးအတွက် အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ၁၅-၇-၂၀၂၅ ရက်၊ အင်္ဂါနေ့ နံနက် ၁၀:၀၀ နာရီမှ ၁၃:၀၀ နာရီအထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်ရှိ မဲခေါင်-လန်ချန်းခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါရေးဖြေစာမေးပွဲ ကျင်းပနေမှုနှင့် စာမေးပွဲဖြေဆိုမှုအခြေအနေများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှု စစ်ဆေးပြီး စနစ်ကျအောင်မြင်စွာ ဖြေဆိုကြရန် ဖြေဆိုသူများကို အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။


