(၁၁-၇-၂၀၂၅၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနမိသားစု၏ (၂၀) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၁၁-၇-၂၀၂၅ ရက် (သောကြာနေ့)၊ နံနက် (၁၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့်ဇနီး၊ သံအမတ်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့်ဇနီးများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ပျဉ်းမနားမြို့၊ ရတနာမှန်ကျောင်းဆရာတော်သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိလာသထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်နှင့်ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ဆက်လက်၍ ရတနာမှန်ကျောင်းဆရာတော်ထံမှ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေကြကာ ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက် ဆရာတော်ဘဒ္ဒန္တဝိလာသနှင့်သံဃာတော်အရှင်သူမြတ်တို့အား အခမ်းအနား တက်ရောက်လာကြသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရှိရပါသည်။




