နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်က မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov ကို လက်ခံတွေ့ဆုံ (၂၈-၅-၂၀၂၅ ရက်)

(၂၈-၅-၂၀၂၅၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov အား ၂၈-၅-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့) နေ့လယ် ၁၄၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံက ၂၀၂၄-၂၀၂၇ ခုနှစ်အတွက် အာဆီယံ-ရုရှား ပူးပေါင်း ဆောင်ရွက်မှုညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူစဉ်အတွင်း အာဆီယံ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန်အတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနှင့် ရုရှား နှစ်နိုင်ငံဆက်ဆံရေးအောက်မှ ဆောင်ရွက်နေသည့် စီမံကိန်းများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေ အနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။