(၄-၁၁-၂၀၂၂၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ (၁၆)ကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ၄-၁၁-၂၀၂၂ ရက်(သောကြာနေ့)၊ နံနက် (၁၀၀၀)နာရီတွင် ပျဉ်းမနားမြို့၊ ရတနာမှန်ကျောင်းဆရာတော် သဒ္ဓမ္မဇောတိကဘဒ္ဒန္တဝိလာသနှင့် ပင့်သံဃာတော် (၄)ပါး၊ စုစုပေါင်း (၅)ပါးတို့အား ပင့်ဖိတ်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။
ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး၊ သံအမတ်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး ရဟန်း သံဃာတော်များအား ကထိန်သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်း ခဲ့ပါသည်။
အခမ်းအနားပြီးနောက် ပြည်ထောင်စုဝန်ကြီးများသည် တက်ရောက်လာကြသည့် အရာထမ်းနှင့်အမှုထမ်းများနှင့်အတူ နေ့လည်စာကို ရင်းရင်းနှီးနှီး လက်ဆုံသုံးဆောင်ခဲ့ကြ ကြောင်း သိရှိရပါသည်။





