(၂၄-၆-၂၀၂၂ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့၏ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ၂၄-၆-၂၀၂၂ ရက် (သောကြာနေ့) နံနက် (၈:၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၉)၊ (၃) ထပ်ဆောင် အနောက်ဘက်နှင့် ငလိုက်ချောင်းဘေး မြေကွက်လပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ စုံညီစွာ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက ၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် သတ်မှတ်နေရာအသီးသီးတွင် ရတနာ ကျွန်းပင် (၃၈၂) ၊ အုန်းချိုမွှေးပင် (၁၂၀) ၊ စိန်တစ်လုံးသရက်ပင် (၅၀) ပင်၊ စုစုပေါင်း (၅၅၂) ပင် တို့ကို စိုက်ပျိုးခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များက သစ်ပင်ပျိုးပင်စိုက်ပျိုးနေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရပါသည်။





