(၁၇-၁၁-၂၀၂၃ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများ၏ (၁၇)ကြိမ်မြောက် ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၁၇-၁၁-၂၀၂၃ ရက် (သောကြာနေ့)၊ နံနက် (၁၀၀၀)နာရီ အချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးကျော်မျိုးထွဋ်၊ ဦးလွင်ဦးနှင့်ဇနီး၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် ပျဉ်းမနားမြို့၊ ရတနာမှန်ကျောင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိလာသနှင့် ပင့်သံဃာ(၄)ပါး၊ စုစုပေါင်း ပင့်သံဃာ(၅)ပါးတို့ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူခဲ့ကြပြီးနောက်၊ ဆရာတော်များထံ ကထိန်သင်္ကန်းများ၊ နဝကမ္မအလှူငွေများ၊ လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းလျက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။







