နိုင်ငံခြားရေးဝန်ကြီးဌာနမှ နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ ပြည်သူ့ဆေးရုံကြီးများသို့ Oxygen Concentrator များ ပေးအပ်လှူဒါန်း(၁၃-၁၁-၂၀၂၃ ရက်)

(၁၃-၁၁-၂၀၂၃ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာနသို့ Oxygen Concentrator များ ပေးအပ် လှူဒါန်းပွဲအခမ်းအနားအား ၁၃-၁၁-၂၀၂၃ ရက်၊ ၁၂:၀၀ နာရီအချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ လှူဒါန်းလက်ခံရရှိထားသော Oxygen Concentrator (၄၂) လုံးအား နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀)၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီး၊ ကလေးရောဂါအထူးကုဆေးရုံကြီး၊ အရိုးရောဂါအထူးကုဆေးရုံကြီး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ရောဂါ အထူးကုဆေးရုံကြီးနှင့် ရန်ကုန်မြို့ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးများ၌ ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်တောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ထံသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်မှ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းမှ Oxygen Concentrator (၄၂)လုံး ပေးအပ်လှူဒါန်းခဲ့ခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။