နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံသို့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲက ခန့်အပ်လွှာလာရောက်ပေးအပ်(၉-၉-၂၀၂၂ ရက်)

(၉-၉-၂၀၂၂ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်အား အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာရေးအဖွဲ့(International Organization for Migration- IOM) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ (Chief of Mission) အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Dragan Aleksoski က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊ ၁၀:၀၀ နာရီတွင် လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး ၎င်း၏ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။