နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကြီးမှူးဖွင့်လှစ်သော သံရုံးဒုတိယအကြီးအကဲသင်တန်း အမှတ်စဉ် (၂/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ ဧရာဝတီ အစည်းအဝေးခန်းမကြီး၌ ၂၁-၆-၂၀၂၁ ရက် (တနင်္လာနေ့)၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ ဉီးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား/ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ သင်တန်းကို ၂၁-၆-၂၀၂၁ ရက်နေ့မှ ၁၆-၇-၂၀၂၁ ရက်နေ့အထိ Covid-19 စည်းကမ်းများနှင့်အညီ ရက်သတ္တ (၄) ပတ်ကြာ နေ့စဉ် နံနက် ၀၉:၃၀ နာရီမှ ၁၂:၃၀ နာရီအထိ လုပ်ငန်းခွင်မပျက် ဖွင့်လှစ်သွားမည် ဖြစ်ပြီး သင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ လက်ထောက်ညွှန်ကြားရေးမှူးမှ ညွှန်ကြားရေးမှူးအဆင့်အထိ အရာထမ်း စုစုပေါင်း (၂၇) ဉီး တက်ရောက်သွားမည်ဖြစ်ပါသည်။
မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန
၂၁-၆-၂၀၂၁



