ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန
အလုပ်လျှောက်လွှာခေါ်ယူခြင်း
ကြော်ငြာစာအမှတ် ( ၁/ ၂၀၂၁ )
၁။ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးနှင့် အငယ်တန်းလက်နှိပ်စက်ရိုက် (လစာနှုန်းကျပ်၁၈၀,၀၀၀-၂,၀၀၀-၁၉၀,၀၀၀) ရာထူး (၄၀) နေရာ (အမျိုးသား-၂၀နေရာ၊ အမျိုးသမီး-၂၀နေရာ) အတွက် လျှောက်လွှာတင်သွင်းနိုင်ပါ သည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဂ) တက္ကသိုလ်တစ်ခုခုမှအောက်ဖော်ပြပါဘွဲ့ရရှိသူများဖြစ်ရမည်-
(၁) ဝိဇ္ဇာဘွဲ့များ ( အထူးပြုဘာသာရပ်အားလုံး )
(၂) သိပ္ပံဘွဲ့များ ( အထူးပြုဘာသာရပ်အားလုံး )
(၃) ဥပဒေဘွဲ့
(၄) နိုင်ငံခြားဘာသာဘွဲ့များ
(၅) စီးပွားရေးဘွဲ့များ
(၆) ပညာရေးဘွဲ့
(၇) ကွန်ပျူတာဘွဲ့များ
(ဃ) ရိုးရိုးဘွဲ့ရဖြစ်ပါက ၄-၆-၂၀၂၁ ရက်တွင် အသက် (၂၅) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
(င) နိုင်ငံ့ဝန်ထမ်း (အမြဲတမ်းခန့်ဝန်ထမ်း) (သို့မဟုတ်) မဟာဘွဲ့/ ပါရဂူဘွဲ့ရရှိသူဖြစ်ပါက ၄-၆- ၂၀၂၁ ရက်တွင် အသက် (၃၀) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
(စ) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်။
၃။ သတ်မှတ်လျှောက်လွှာပုံစံနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများအား ပြည့်စုံစွာ ပူးတွဲလျက် ၂၆-၅-၂၀၂၁ ရက်မှ ၄-၆-၂၀၂၁ ရက်အတွင်း (အစိုးရရုံးပိတ်ရက်များ မပါ) နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) နှင့် (ရန်ကုန်) သို့ ရုံးချိန်အတွင်း လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ လာရောက်လျှောက်ထားနိုင်ပါသည်-
(က) (၆) လအတွင်း ရိုက်ကူးထားသော လိုင်စင်ဓါတ်ပုံ (၃) ပုံ
(ခ) နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)
(ဂ) ဘွဲ့လက်မှတ်/ ဘွဲ့ထောက်ခံစာ (မိတ္တူ)
(ဃ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် (မိတ္တူ)
(င) တတ်ကျွမ်းသော နိုင်ငံခြားဘာသာစကားရှိပါက အသိအမှတ်ပြုလက်မှတ် (မိတ္တူ)
(စ) ၁-၅-၂၀၂၁ ရက်နေ့နောက်ပိုင်း သက်ဆိုင်ရာ ပြည်သူ့ဆေးရုံ/ ကျန်းမာရေးဌာနမှ ထုတ်ပေးသည့် ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက် (မူရင်း)
(ဆ) ၁-၅-၂၀၂၁ ရက်နေ့နောက်ပိုင်း သက်ဆိုင်ရာ ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပေးသည့် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံချက် (မူရင်း)
(ဇ) ၁-၅-၂၀၂၁ ရက်နေ့နောက်ပိုင်း သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ ထုတ်ပေးသည့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်(မူရင်း)
(ဈ) သက်တမ်းရှိ အလုပ်သမားမှတ်ပုံတင်ကတ်ပြား (မိတ္တူ)
(ည) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်း၏ခွင့်ပြုစာ (မူရင်း)
၄။ သတ်မှတ်လျှောက်လွှာပုံစံကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ Website ဖြစ်သော www.mofa.gov.mm တွင် Download ရယူလျှောက်ထားနိုင်ပါသည်။ အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ၃-၇-၂၀၂၁ ရက် (စနေနေ့) တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတဘာသာရပ်များကို နံနက် (၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ စုစုပေါင်း (၃) နာရီမေးခွန်း စစ်မေးမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲအောင်မြင်သူများ ကိုသာ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။
၅။ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (ခုံနံပါတ်) ကို နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) ရုံးအမှတ် (၉) ၌ ၁-၇-၂၀၂၁ရက် (ကြာသပတေးနေ့) တွင် စာမေးပွဲ ဖြေဆိုမည့်သူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး အရည်အချင်းစစ်ရေးဖြေစာမေးပွဲ ကျင်းပပြုလုပ်မည့် နေရာအား အဆိုပါနေ့ရက်တွင် အသိပေးသွားမည်ဖြစ်ပါသည်။
၆။ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးချိန်တွင် ဘွဲ့လက်မှတ်၊ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်နှင့် အခြားအောင်လက်မှတ်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြား (မူရင်း) တင်ပြရမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါ က နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) ဖုန်း၊ ၀၆၇-၄၁၂၃၃၄ နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန(ရန်ကုန်) ဖုန်း၊ ၀၁-၂၁၂၈၄၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
၇။ အငယ်တန်းစာရေးရာထူး (၅၀) နေရာ ခန့်ထားနိုင်ရေးအတွက် ၆-၃-၂၀၂၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာတို့တွင် ကြော်ငြာစာအမှတ် (၁/၂၀၂၀) ဖြင့် အလုပ်လျှောက်လွှာခေါ်ယူခဲ့ခြင်းအား ဤကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက် လိုက်ပါသဖြင့် ယခင်လျှောက်ထားသူများမှ ဆန္ဒရှိသူများအနေဖြင့် ပြန်လည် လျှောက်ထားရန် လိုအပ်ပါကြောင်း ဖော်ပြအပ်ပါသည်။

