(၁၈-၉-၂၀၂၅ ရက်၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာ ဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နယူးဒေလီမြို့၊ သမ္မတကိုယ်ရံတော်တပ်ဖွဲ့၏ ပိုလိုကွင်းအနီးရှိ Central Ridge တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည့် သစ်ပင်စိုက်ပျိုးရေးပွဲ အခမ်းအနားသို့ တက်ရောက်၍ ကျွဲကောပင်အား စိုက်ပျိုးခဲ့ပါသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ၁၅ ရက်တာ စေတနာ့ဝန်ထမ်း ဝန်ဆောင်မှုပေးခြင်း လှုပ်ရှားမှု (Seva. pakhwada) ကာလအတွင်း အိန္ဒိယအစိုးရ၊ ပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြောင်းလဲမှု ဝန်ကြီးဌာနဝန်ကြီးနှင့် ဒေလီမြို့တော်နယ်မြေဝန်ကြီးချုပ်တို့က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး နိုင် ငံပေါင်း ၇၀ ကျော်မှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများ၊ သံတမန်များနှင့် ဌာနဆိုင်ရာ အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

