(၃-၃-၂၀၂၆)
နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နိုင်ငံခြားရေးရုံးနှင့် ကွမ်ရှီးအနုပညာ တက္ကသိုလ်တို့က ပူးပေါင်းကျင်းပသော “ နန်နင်း၌ ဆုံစည်းခြင်း၊ အာဆီယံနှင့် နှလုံးသားများ ပေါင်းစည်းခြင်း – နန်နင်းရှိ အာဆီယံနိုင်ငံများ ကောင်စစ်ဝန်အရာရှိများ အတွက် ၂၀၂၆ မီးပုံးပွဲတော် ချစ်ကြည်ရေးအစီအစဉ်” သို့ အခြားအာဆီယံ ကောင်စစ်ဝန်ချုပ်များ၊ ဟောင်ကောင်အထူးဒေသ ဆက်သွယ်ရေးရုံး၊ ညွှန်ကြားရေးမှူးတို့နှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ ကွမ်ရှီးအနုပညာတက္ကသိုလ်၌ ခင်းကျင်းပြသထားသော အာဆီယံ နိုင်ငံများ၏ ရိုးရာ ဂီတတူရိယာများ၊ တရုတ်အနုပညာနှင့် တရုတ်ရိုးရာဓလေ့ တူရိယာများကို ရှင်းလင်း ပြောကြားခဲ့ပြီး တက္ကသိုလ်မှ ပါရမီရှင် ကျောင်းသား၊ ကျောင်းသူများ၏ ထူးခြား ပြောင်မြောက်သော ဂီတနှင့် အကအလှ တင်ဆက်မှုများနှင့် ဖျော်ဖြေခဲ့ပါသည်။ ထို့ပြင် အထူးအစီအစဉ်အဖြစ် ဧည့်သည်တော်များနှင့် အာဆီယံ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများကလည်း တရုတ်သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါ သည်။
ဤအစီအစဉ်သို့ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယအုပ်ချုပ်ရေးမှူး H.E. Ms. Lu Xinning မှ အထူးဧည့်သည်တော်အဖြစ် ပါဝင်တက်ရောက်ချီးမြှင့်ခဲ့ပါသည်။



