နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်သည် ကွမ်ရှီးဒေသ၊ နိုင်ငံခြားရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Wei Yu အား သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ခြင်း (၃၁-၇-၂၀၂၅ ရက်)

(၃၁-၇-၂၀၂၅ ရက်၊ နန်နင်း)

နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် ကွမ်ရှီးဒေသ၊ နိုင်ငံခြားရေးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Wei Yu အား ၃၁-၇-၂၀၂၅ ရက်နေ့၊ နံနက် (၁၀၀၀)နာရီတွင် ကွမ်ရှီးဒေသ၊ နိုင်ငံခြားရေးရုံးသို့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် နှစ်ဖက်အကြား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ နန်နင်းမြို့၌ ကျင်းပမည့် တရုတ်-အာဆီယံကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား၌ မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ရေး၊ တရုတ်-အာဆီယံကုန်စည်ပြပွဲကာလအတွင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စများအပြင် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးညီအစ်မမြို့တော်တည်ထောင်မှုများ တိုးမြှင့်ရေး၊ ဉာဏ်ရည်တုနည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာကျောင်းသား /သူများအား ပညာသင်ဆုများ တိုးမြှင့်ပေးအပ်ရေးနှင့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များအား အရည်အသွေးမြင့်သင်တန်းများပေးရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။