(၂၄-၆-၂၀၂၅ ရက်၊ နန်နင်း)
၂၄-၆-၂၀၂၅ ရက်နေ့တွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ Grand Metropark Hotel ၌ ကျင်းပခဲ့သည့် “Liaison Officials Meeting for the 22nd China-ASEAN Business and Investment Summit (CABIS)” သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ Chian Council for the Promotion of International Trade (CCPIT) ၏ ဒုတိယဥက္ကဋ္ဌ Ms. Li Qingshuang၊ ကွမ်ရှီးဒေသ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liao Pinhu၊ CABIS Secretariat မှ အတွင်းရေးမှူးချုပ် Ms. Yang Yanyan နှင့် တာဝန်ရှိသူများ၊ နန်နင်းမြို့နှင့် ကွမ်ကျိုးမြို့ရှိ အာဆီယံနိုင်ငံများ၏ ကောင်စစ်ဝန်ချုပ်များနှင့် သံတမန်များ၊ အာဆီယံနိုင်ငံများ ၏ ကုန်သည်စက်မှုအသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် CCPIT ဒုတိယဥက္ကဋ္ဌ Ms. Li Qingshuang၊ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liao Pinhu အတွင်းရေးမှူးချုပ် Ms. Yang Yanyan တို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက 22nd CABIS အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းက CAEXPO နှင့် CABIS တို့သည် တရုတ်နှင့် အာဆီယံများအကြား စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန်နှင့် ဒေသတွင်းစက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်ကို အားကောင်းလာစေရန် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေမှု၊ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် CAEXPO နှင့် CABIS ၏ Country of Honour ဖြစ်သည်နှင့်အညီ ထိုပလက်ဖောင်းများကို ထိရောက်စွာ အသုံးချ၍ ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုများ အဆင်ပြေချောမွေ့စေရန်၊ မြန်မာ့ထုတ်ကုန်များကို တရုတ်နိုင်ငံသို့ ဈေးကွက် ချဲ့ထွင်ရန်၊ ထွန်းသစ်စနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရန်၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပိုမိုတည်ငြိမ်သော ဒေသတွင်းစက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်စနစ်ကို တည်ဆောက်ရန် အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် အတွင်းရေးမှူး Ms. Yang Yanyan က ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
***************



