ဒုတိယဝန်ကြီး ဦးလွင်ဦး အပြာရောင်အဆင့် ပြန်လည်နေထိုင်လျက်ရှိသော ဝန်ထမ်းအိမ်ရာ၊ အဆောင်များအခြေအနေ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂၈-၆-၂၀၂၅
 
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် အပြာရောင်အဆင့် သတ်မှတ်ချက်ဖြင့် ဝန်ထမ်းများ ပြန်လည်နေထိုင်လျက်ရှိသော ဝန်ထမ်းအိမ်ရာ၊ အဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
 
နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများနေထိုင်လျက်ရှိသည့် ကံ့ကော်အိမ်ရာ တိုက်အမှတ် (၂၁၅)၊ ဘူးကွဲအိမ်ရာ တိုက်အမှတ်(၃၁၀၇)၊ (၃၁၀၈)၊ (၆၂၁၂)နှင့် သဇင်(၁) အဆောင်(၄)၊ (၁၂)၊ သဇင်(၅) အဆောင်(၇)၊ (၉)၊ (၁၀)၊ သဇင်(၆) အဆောင်(၃) တို့သို့ သွားရောက် လှည့်လည် ကြည့်ရှုပြီး နေထိုင်သည့် ဝန်ထမ်းများနှင့် မိသားစုများကို တွေ့ဆုံကာ နေထိုင်ရေး အဆင်ပြေမှု ရှိ/မရှိနှင့် လျှပ်စစ်မီး၊ သောက်သုံးရေး ရရှိမှုအခြေအနေတို့ကို စိစစ်မေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အိမ်ရာ၊ အဆောင်ဝန်းကျင် အမှိုက်ကင်းစင်ရေးနှင့် သန့်ရှင်းသာယာရေးကို ပုံမှန်စုပေါင်းဆောင်ရွက်ကြရန်၊ သတ်မှတ်ထားသော အိမ်ရာ၊ အဆောင်စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။