နေပြည်တော်၊ ဇူလိုင် ၁၇
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ငလျင်ဒဏ်ကြောင့် နေအိမ်၊ အဆောင်များ ထိခိုက်ပျက်စီးခဲ့ရသည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများအား ဝန်ကြီးဌာနရုံးအဆောက်အဦအနီးတွင် မြေနေရာ(၃)နေရာ ဖော်ဆောင်၍ ယာယီဘာရှာများ၊ Modular House များ တပ်ဆင် တည်ဆောက်ကာ ယာယီနေချထားပေးရေး ဆောင်ရွက်နေမှုအခြေအနေများ၊ သန့်ရှင်းသော သုံးရေရရှိရေးနှင့် လျှပ်စစ်မီးသွယ်တန်းနေမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါ သည်။ ဒုတိယဝန်ကြီးသည် ယာယီဘာရှာများတွင် နေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် မိသားစုများအား အားပေးစကားများပြောကြားခဲ့ပြီး လိုအပ်ချက်များကို မေးမြန်းကာ ဖြည့်ဆည်း ဆောင်ရွက်ပေးရေးအတွက် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။

