ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ကိုရီးယားသမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံအား လက်ခံတွေ့ဆုံ

(၂၄-၉-၂၀၂၆၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ရန်ကုန်မြို့၊ ကိုရီးယားသမ္မတနိုင်ငံသံရုံး၊ သံရုံးယာယီတာဝန်ခံ မစ္စတာ ဘယ်ဗြောင်ဆူ အား ၂၄-၉-၂၀၂၆ ရက်၊ ၁၄၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရန် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။