(၉-၁၁-၂၀၂၃ ရက်၊ နေပြည်တော်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်၊ ၁၁၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာအစိုးရနှင့် ကုလသမဂ္ဂနှင့်လက်အောက်ခံအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် လိုအပ်နေသည့် ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အဆင်ပြေချောမွေ့စွာပေးအပ်နိုင်ရေး နည်းလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် ရန်ကုန်မြို့ရှိ UNOCHA ရုံး၏ ဒုတိယအကြီးအကဲဖြစ်သူ Ms. Danielle Parry တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

