ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံ(၃-၁၁-၂၀၂၃ ရက်)

(၃-၁၁-၂၀၂၃ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong အား ၃-၁၁-၂၀၂၃ ရက်၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍ ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။