(၁၅-၆-၂၀၂၅ )
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနနှင့် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတို့ ပူးပေါင်းစီစဉ်မှုဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်၊ ၀၆၀၀ နာရီတွင် နေပြည်တော်၊ သတ္တသတ္တာဟမဟာဗောဓိစေတီတော်ရင် ပြင်၌ ကျင်းပခဲ့သည့် (၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့ အထိမ်းအမှတ်အခမ်းအနား ယောဂသရုပ်ပြလေ့ကျင့်ခြင်း အစီအစဉ်သို့ ပါဝင်တက်ရောက်ခဲ့သည်။
ထိုအစီအစဉ်သို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးလွင်ဦးနှင့် ဦးကိုကိုကျော်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနနှင့် နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ်နှင့် အိန္ဒိယသံရုံးမှ တာဝန်ရှိသူများနှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယသံအမတ်ကြီးနှင့်အတူ သတ္တသတ္တာဟမဟာဗောဓိ စေတီတော်ရင်ပြင်၌ (၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်း အမှတ်အဖြစ် ကံ့ကော်ပင်အား အမှတ်တရ ဂုဏ်ပြုစိုက်ပျိုးခဲ့ကြသည်။




