ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံရှိ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid အား လက်ခံတွေ့ဆုံ (၂၉-၅-၂၀၂၅ ရက်)

(၂၉-၅-၂၀၂၅ ရက်၊ နေပြည်တော်)​

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံရှိ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid အား ၂၉-၅-၂၀၂၅ ရက်၊ ၀၉၃၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့သည်။​ထိုသို့တွေ့ဆုံစဉ် Mr. Sajjad Mohammad Sajid အနေဖြင့် မြန်မာနိုင်ငံ၌ တာဝန် ထမ်းဆောင်စဉ်ကာလအတွင်း မြန်မာနိုင်ငံနှင့် UNOCHA တို့အကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက် ခဲ့မှု အခြေအနေများနှင့် UNOCHA မှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။​အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။