(၂၇-၅-၂၀၂၅ ရက်၊ နေပြည်တော်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund-UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၇-၅-၂၀၂၅ ရက်၊ ၁၀:၃၀ နာရီတွင် လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် UNFPA ၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ငလျင်ဒဏ်သင့်ဒေသများမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဆေးဘက်ပစ္စည်းများ ထောက်ပံ့ပေးမည့်အခြေအနေတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း တက်ရောက် ခဲ့ကြကြောင်းသိရှိရပါသည်။

