ဒါကာမြို့၌ ဘင်းမ်စတက်အတွင်းရေးမှူးရုံး တည်ထောင်ခြင်း (၁၁)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်

(၁၅-၉-၂၀၂၅ ရက်၊ ဒါကာ)

၁၅-၉-၂၀၂၅ ရက်တွင် ဒါကာမြို့ရှိ Hotel Sheraton ၌ ကျင်းပခဲ့သည့် ဘင်းမ်စတက် အတွင်းရေးမှူးရုံး တည်ထောင်ခြင်း (၁၁)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုး ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Foreign Secretary H.E. Mr. Asad Alam Siam က အထူးဧည့်သည်တော်အဖြစ်တက်ရောက်ခဲ့ပြီး ဒါကာမြို့အခြေစိုက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ များ၏ သံရုံးအကြီးအကဲများ/သံရုံးယာယီတာဝန်ခံများနှင့် သံတမန်များ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် အထူးဧည့်သည်တော် H.E. Mr. Asad Alam Siam နှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Indra Mani Pandey တို့က အမှာစကား အသီးသီး ပြောကြားခဲ့ကြပြီး အထူးဧည့်သည်တော်၊ ဘင်းမ်စတက်အတွင်းရေးမှူးချုပ်နှင့် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၏ သံရုံးအကြီးအကဲတို့က အထိမ်းအမှတ်ဂုဏ်ပြုကိတ်ခွဲကာ မှတ်တမ်းတင် ဓါတ်များပုံရိုက်ကူးခဲ့ကြပါသည်။