(၂၁-၄-၂၀၂၆ရက်၊ နေပြည်တော်)
မြန်မာနိုင်ငံသို့ ၂၁-၄-၂၀၂၆ ရက်မှ ၂၂-၄-၂၀၂၆ ရက်အထိ အလုပ်သဘော ခရီးစဉ် လာရောက်သည့် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၁-၄-၂၀၂၆ ရက်၊ ညနေပိုင်းတွင် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။



