ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်ဂျ်၏ မွေးနေ့၊ ထိုင်းနိုင်ငံ၏ အမျိုးသားနေ့နှင့် Thailand’s Father’s Day အထိမ်းအမှတ်အခမ်းအနားသို့ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးတက်ရောက်

(၅-၁၂-၂၀၂၅ ရက်၊ နယူးဒေလီ)

အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Ms. Chavanart Thangsumphant ၏ ဖိတ်ကြားချက်အရ ၃-၁၂-၂၀၂၅ ရက်၊ ၁၉၀၀ နာရီတွင် နယူးဒေလီမြို့၊ ထိုင်းနိုင်ငံသံရုံး၌ ကျင်းပသည့် ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်ဂျ်၏ မွေးနေ့၊ ထိုင်းနိုင်ငံ၏ အမျိုးသားနေ့ နှင့် Thailand's Father's Day အထိမ်းအမှတ်အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ H.E. Mr. Shri Pabitra Margherita က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ နယူးဒေလီမြို့ အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ ပါဝင်တက်ခဲ့ပါသည်။ 

**************************************