ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးမှ ၂၀၂၆ ခုနှစ် ထိုင်းအမျိုးသားလွှတ်တော် အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

(၁၆-၃-၂၀၂၆ ရက်၊ ဗန်ကောက်)

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၄ ရက်၊ ၁၇:၀၀ နာရီအချိန်တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ အမျိုးသားလွှတ်တော် (ဆပ်ပါယ ဆတ်ဖား ဆတ်ထာန်)၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၆ ခုနှစ် ထိုင်းအမျိုးသားလွှတ်တော်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။

အထက်ပါဖွင့်ပွဲအခမ်းအနားကို ထိုင်းဘုရင်မင်းမြတ် His Majesty King Maha Vajiralongkorn Phra Vajiraklaochaoyuhua နှင့် မိဖုရား Her Majesty Queen Suthida Bajrasudhabimalalakshana တို့က တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ထိုင်းဘုရင်မင်းမြတ်မှ နိုင်ငံနှင့် လူမျိုးအကျိုးစီးပွားအတွက် လွှတ်တော်အမတ်များအနေဖြင့် တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ကြစေရေး လမ်းညွှန်မှာကြားသည့် တော်ဝင်မိန့်ခွန်းအား ပြောကြားခဲ့သည်။

အခမ်းအနားသို့ အောက်လွှတ်တော်ကိုယ်စားလှယ်များ၊ အထက်လွှတ်တော်အမတ်များ၊ အိမ်စောင့်အစိုးရအဖွဲ့ဝင်များ၊ ဗန်ကောက်မြို့ရှိ သံရုံး/အဖွဲ့ရုံးများနှင့် ကောင်စစ်ဝန်ရုံးများ၏ အကြီးအကဲများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။