(၅-၂-၂၀၂၆ရက်၊ ဗန်ကောက်) ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ၅-၂-၂၀၂၆ ရက်၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြန်မာသံရုံး၊ အစည်းအဝေးခန်းမ၌ ထိုင်းနိုင်ငံအခြေစိုက် PTT Exploration and Production Public Company Limited (PTTEP) မှ Executive Vice President Mr. Titi Thongjen ဦးဆောင်သည့်အဖွဲ့နှင့် နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍ ဖူလုံရေးနှင့် မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မျိုးဆက်သစ် လူငယ်များအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် အလုပ်အကိုင် ပိုမိုခန့်ထား ရရှိစေရေးဆိုင်ရာ ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။



