(၂၈-၁-၂၀၂၆ ရက်၊ ဗန်ကောက်)
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ Divawongse Varopakarn Institute of Foreign Affairs (DVIFA) မှ ကြီးမှူးဖွင့်လှစ် သည့် မြန်မာသံတမန်များအတွက် တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် ရောက်ရှိနေသည့် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန် သင်တန်းသား/ သင်တန်းသူ များအား ၂၈-၁-၂၀၂၆ ရက် (၁၈:၀၀) နာရီ အချိန်တွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ လက်ခံတွေ့ဆုံ ၍ မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေးအပါအဝင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၏ ကောင်စစ်ဆိုင်ရာ နှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း ရှင်းလင်းပြောကြားခြင်းနှင့် ညစာဖြင့်ဧည့်ခံကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။



