(၃၀-၇-၂၀၂၆၊ ဗန်ကောက်)
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်၊ ၁၉၀၀ နာရီအချိန်တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော် ဆန်သိမိုင်းသရီ အဆောက်အဦ၌ ထိုင်းနိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး H.E. Mr. Anutin Charnvirakul နှင့် ဇနီးတို့မှ ကျင်းပသော ဇူလိုင်လ ၂၈ ရက်နေ့တွင် ကျရောက်သည့် ထိုင်းဘုရင်မင်းမြတ်၏ မင်္ဂလာမွေးနေ့တော်အထိမ်းအမှတ် နိုင်ငံတော်ဧည့်ခံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အဆိုပါ နိုင်ငံတော်ဧည့်ခံပွဲအခမ်းအနားသို့ ထိုင်းတော်ဝင်မင်းသမီး Her Royal Highness Princess Maha Chakri Sirindhorn က တက်ရောက်ချီးမြှင့်ခဲ့ပြီး ဝန်ကြီးချုပ် H.E. Mr. Anutin Charnvirakul က ထိုင်းဘုရင်မင်းမြတ် His Majesty King Maha Vajiralongkorn Phra Vajiraklaochaoyuhua အတွက် ဆုမွန်ကောင်းတောင်းလွှာနှင့် ဂုဏ်ပြုစကားပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ အောက်လွှတ်တော်ကိုယ်စားလှယ်များ၊ အထက်လွှတ်တော်အမတ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ဗန်ကောက်မြို့ရှိ သံရုံး/ အဖွဲ့ရုံးများနှင့် ကောင်စစ်ဝန်ရုံးများ၏ အကြီးအကဲများသည် ဘုရင်မင်းမြတ်၏ မွေးနေ့တော်မင်္ဂလာကို ဂုဏ်ပြုသောအားဖြင့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။



